Posts

အပတ်စဉ် (၃၄) သင်တန်း Myanmar Book Center တွင် သင်ကြား

Image
Communication for Development (C4D) ရန်ကုန် စက်တင်ဘာ ၁၉ UNESCO , LIFT , MBAPF နှင့်ပြန်ကြားရေးဝန်ကြီးဌာန တို့မှ ပူးပေါင်းစီစဉ် ဖွင့်လှစ်ပေးသော Communication for Development (C4D) အပတ်စဉ် (၃၄)သင်တန်းအား ရန်ကုန်မြို့ရှိ Myanmar Book Center တွင် ၁၈.၉.၂၀၁၇ မှ ၂၀.၉.၂၀၁၇ ထိ သင်ကြားပို့ချပေးလျှက်ရှိပြီး သင်တန်းသားဦးရေ စုစုပေါင်း (၃၃ ) ဦးတက်ရောက်ပါသည်။ အဆိုပါသင်တန်းတွင် ပို့ချပေးသော ဘာသာရပ်များမှာ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချရာ၌ အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေပြီး သတင်းအချက်အလက်များရယူပုံ ယထာဘူတကျစွာဆုံးဖြတ်ခြင်း နှင့်အကျိုးရှိစွာ အသုံးချနိုင်ရန် သင်ယူနိုင်မှာ ဖြစ်ပါတယ်။ လူငယ့်အားမာန်စာကြည့်တိုက်

စာကြည့်တိုက်သည် စာဖတ်ဖို့ တစ်ခုထဲမဟုတ်

၂၀၁၇ မတ်လ ၅ ရက်နေ့ စာပေဟောပြောပွဲ ပြီးသည့်နောက်ပိုင်း မွေးရပ်မြေသို့ အလည်မပြန်ဖြစ်ခဲ့ပါ။ အလှူခံထားသော laptop computer များ Desktop ကွန်ပျူတာ နှစ်လုံး တပ်ဆင်ရန်အတွက် မဖြစ်မနေ ပြန်ရန် တွန်းအားတစ်ခု ဖြစ်ခဲ့၍  ပြန်ခဲ့ရပါသည်။မန်းလေးမှ တဆင့် ကားဖြင့် ဆက်လက် စီးသွားရာ မိမိရွာကို ညနေ ၆ နာရီ ကျော်မှ ရောက်ရှိခဲ့ပါသည်။ နောက်ရက်မနက် စောစော စာကြည့်တိုက် သွားကြည့်ရာ စာကြည့်တိုက်ဘေး ဝဲယာတွင် အမှိုက်များသည် အစီအရီ အထပ်လိုက် အထပ်လိုက်။ ခဏစောင်ပြီး့ စာကြည့်တိုက်မှူး နဲ့ ဆွေးနွေးရာ ကလေးငယ်များသည် ဇာတ်ကားကြည့်ရင်း မုန့်စား နေကြာစေ့ စား ပြီးတော့ အလွယ်တကူ အမှိုက်များကို စာကြည့်တိုက်နောက်ဖေးတွင် ပစ်ထားခဲ့ကြပါသည်။ ကလေးငယ်များကို ငယ်ရွယ်စဉ် ကတည်းက စည်းကမ်းရှိစွာ စနစ်တကျ အမှိုက်ပစ် တတ်စေရန် ရည်ရွယ်ပြီး စာကြည့်တိုက်မှူးသည် အမှိုက်ပုံး ဝယ်ယူခဲ့ပါသည်။ ဝယ်ယူပြီး စာကြည့်တိုက် ဘေးနားတွင် ထားပေးခြင်းဖြင့် ကလေးငယ်များကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲ သွားဖို့ ရည်မှန်းထားပါသည်။ စာကြည့်တိုက်ကို လာရောက်ခြင်းသည် ကလေးငယ်များအတွက် နားခိုရာ အစစ်အမှန် စာရေးခြင်း စာဖတ်ခြင်း ပုံဆွဲခြင်း ဇာတ်လမ်းကြည့်ခြင်း မိတ်ဆွေဖွဲ့ ခြင်း အ...

မိမိ စာကြည့်တိုက်မှူး သို့

Image
ဒေတာ အတိအကျ မရှိခြင်း ၏ လစ်ဟင်းမှုများ ********************************* မိမိ စာကြည့်တိုက်မှူး သို့  Me:  စာကြည့်တိုက် စာအုပ် ဘယ်လောက် ရှိပြီလဲ။ Librarian: တစ်ထောင် ကျော် အင်း နှစ်ထောက်လောက် မသေချာ။ Me: စာကြည့်တိုက် အသင်း ဝင်သူ ဘယ်နှစ်ယောက်လဲ။ Librarian:တစ်ရာကျော် နှစ်ရာ လောက်။  Me:တစ်ပတ် စာကြည့်တိုက် သို့ စာအုပ်လာငှာရမ်းသူ ဘယ်နှစ်ယောက်လောက်လာငှားလဲ။ Librarian: 20 30 လောက် မသေချာ မရေရာမှုတွေ နဲ့ နပန်းလုံး နေရပါသည်။ ၂၀၁၄ ခုနှစ် သင်္ကြန်ကာလ မှာ  စာကြည့်တိုက် အတွင်း စာရင်းသွင်းစာအုပ် စုစုပေါင်း အရေအတွက် ပျောက်ဆုံး စာအုပ်အရေအတွက် ကို သတ်မှတ် ရှင်းလင်းထားပြီးဖြစ်ပါသည်။  ထိုကဲ့သို့ မပြုလုပ်နိုင်ခဲ့သည်မှ သုံးနှစ်ကျော်ခဲ့ပြီး ဖြစ်ပါသည်။  ဒုတိယအကြိမ် မိမိတို့ စာကြည့်တိုက် ရှိ စာအုပ်များ စစ်ဆေး စာရင်းပြုစုခြင်းကို  လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေး နှင့် အတူ ၂၀၁၄ ခုနှစ် ကော်မတီဝင်  နှစ်သက်ဆု ရရှိဖူးသည့် မျိုးဆက်သစ်ပျိုမေ မဆုမြတ်နိုးဝေနှင့် သူငယ်ချင်းတို့ မှ ဝိုင်းဝန်းကူညီ ဆောင်ရွက် လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။ စာအုပ်စာရင်း စီစစ် ပြီးစီးလျှင် စ...

သြဂုတ်လအထိ ရန်ပုံငွေ ရှင်းတမ်း

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် သြဂုတ်လအထိ ရန်ပုံငွေ ရှင်းတမ်း

အပိုင်း(၂)

Image
လူငယ့်အားမာန်တိုက် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခဲ့ပုံလေးကို ပြန်လည်မျှဝေပါလို့ message ပို့လာလို့ပါ။ အပိုင်း(၂) ၂၀၁၂ စာပေဟောပြောပွဲပြီးနောက်ပိုင်း အသံတွေ ထွက်လာခဲ့ပါသည်။ သူက လုပ်မှာပေါ့။ အလုပ်အကိုင်မှ မရှိတာ။ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ။ နောက်ဆုံး အိမ်က အလုပ်တစ်ခု ရမှာပဲ စာကြည့်တိုက် လုပ်ငန်းကို လုပ်ရတော့မယ်လို့ သဘောတူခဲ့ကြတယ်။ စာကြည့်တိုက်ကတော့ ကိုအောင်လင်း+မခင်စောလှ တို့ မိသားစု ကပဲ ဆက်လက် ထိန်းသိမ်းပေးခဲ့ပါသည်။ လင်မယား နှစ်ယောက်စလုံး သည် အလုပ်အင်မတန်လုပ်ကြသော သူများ ဖြစ်ပါသည်။ ယောက်ျားသည်လည်း တောင်သူကြီးတစ်ယောက်ဖြစ်သလို မိန်းမသည်လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးအောင် လုပ်ဆောင်ပါသည်။ စာကြည့်တိုက်သည် လည်း စာအုပ်ငှားသူ ကိုယ်တိုင် ဖြည့်စွက် ကိုယ်တိုင်ငှား ကိုယ်တိုင်အပ် အဖြစ်ထားလိုက်ရပါသည်။ စာအုပ်ငှားကဒ် တစ်ကဒ်ကို ပိုက်ဆံ ၂၀၀ အသင်းဝင်ကြေး ၃၀၀ ဖြင့် သတ်မှတ်ခဲ့ပါသည်။ အတိုင်းအတာတစ်ခု အထိ စာဖတ်သူ တွေ ရှိလာခဲ့ပါသည်။ ၂၀၀၅ ခုနှစ်စာအုပ်အငှားဆိုင်တစ်ဆိုင် က စာအုပ်ငှားရမ်းခသည် တစ်အုပ် ၅၀ ပါ။ စာကြည့်တိုက်မှ ငှားရမ်းခသည် တစ်အုပ် ပိုက်ဆံ ၂၀ ကျပ်ရှိပါသည်။ စာဖတ်ပရိတ်သတ်သည် စာအုပ်များကို တစ်ဖြည်းဖြည...

လူငယ့်အားမာန်တိုက် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခဲ့ပုံလေးကို ပြန်လည်မျှဝေပါလို့

လူငယ့်အားမာန်တိုက် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခဲ့ပုံလေးကို ပြန်လည်မျှဝေပါလို့  message ပို့လာလို့ပါ။ အပိုင်း(၁) စာကြည့်တိုက် လုပ်ချင်စိတ်ဖြစ်လာအောင် တွန်းအားတစ်ခု ကတော့ မုံရွာ နည်းပညာတက္ကသိုလ် ကျောင်းစာကြည့်တိုက်မှာ အချိန်ပိုင်း ကူညီပေးဖြစ်ခဲ့ဖူးပါသည်။ စာကြည့်တိုက် သည် ကျောင်းစာကြည့်တိုက် ပြည်သူ့စာကြည့်တိုက် ရည် ညွန်းစာကြည့်တိုက် ဘယ်စာကြည့်တိုက်မျိုးမဆို ဖွင့်လှစ်ဖို့ အားပေးကြရမည်သာ။ တွန်းအားအဖြစ်ဆုံးကိစ္စရပ်နှစ်ရပ်ကတော့ မန္တလေးမြို့မှ အလည်လာသော ဦးလေးတစ်ယောက် ပြောဆိုတဲ့ စကား “မင်းတို့ရွာ ရိုင်းလိုက်တာ ရိုင်းမှာပေါ့ စာကြည့်တိုက်မှ မရှိတာဆိုတဲ့ စကားလုံးရယ် “ နည်းပညာတက္ကသိုလ်မုံရွာ ကျောင်းတက်နေစဉ်က ကျောင်းသားဆိုးတစ်ယောက် ဖြစ်ခဲ့သည့်အတိုင်း တစ်ဖိုင်းဖိုင်း စာမေးပွဲ ကျ တော့ ရပ်ရွာက နာမည်ပေးထားတာ “ကိုငွေတောင်းကြီးလာပြီဟေ့၊ ကုန်သည်ကြီးလာပြီဟေ့(ကုန်ရင်လာသည်သည့် ကုန်သည်)” တက္ကသိုလ်ကျောင်းထား စာစား မိဘများ မွဲဆေးဖော် တက္ကသိုလ် နော်။ ဟုတ် ဟုတ် မဟုတ်ဟုတ်။ ပညာရေးကို အားမပေးမှာ စိုးရိမ်မိပါသည်။ ဟုတ်တာတွေ ရှိခဲ့သလို မဟုတ်တာတွေလည်း ရှိခဲ့ပါသည်။ ရိုးသား အေးချမ်း လှတဲ့ တောသူ တောင်သားတွေ နယ်မှာ စကာ...

မောင်ကြီးတို့ ပျော်တဲ့ ရွာ ဆိုတဲ့ သာဝတ္ထိရွာ

Image
“မောင်ကြီးတို့ ပျော်စံရာ “ မလွမ်းရော့သော်ကော ကျွန်းမော့မော့မြောက်ခွင် မူးရေယဉ်လက်ျာစီးပါလို့၊ မောင်ကြီးတို့ပျော်တဲ့ရွာ။ မောင်ကြီးတို့ ပျော်တဲ့ ရွာ ဆိုတဲ့ သာဝတ္ထိရွာကလေးပါ။ ထိုရွာကလေးသည် ရွှေဘို မြောက်ခြမ်း ခင်ဦးမြို့နယ်၊ရေဦးမြို့နယ်၊ကန့်ဘလူမြို့နယ် သုံးဆုံသုံးခွ ဆုံရာလို့ ပြောမယ်ဆိုလည်း တစ်နည်းအားဖြင့် ရပါသည်။ အထက် ဖော်ပြပါ လွမ်းချင်း ကဗျာ စာပိုဒ်သည် စာဆိုတော် လွမ်းချင်း ကဝိတစ်ဆူ ဖြစ်သော သာဝတ္ထိ ဦးကြီးရေးဖွဲ့ ခဲ့ပါသည်။စာပေအားဖြင့် သမိုင်း အားဖြင့် အဖက်ဖက် မှ ပြည့်စုံနေသော ရွာကလေးကို စာကြည့်တိုက်ဟူသော အနားကွပ်မှု အနုပညာဖြင့် တန်ဆာဆင်လိုက်ရာ တန်ဖိုးမဖြတ်နိုင်တဲ့ ရွာကလေးတစ်ရွာဟုသာ ဆိုချင်ပါတော့သည်။စာကြည့်တိုက်သည် ု လူငယ့်တွေ အတွက် အားမာန်တစ်ခုအဖြစ် လည်းကောင်း မွေးဖွားပေးရာ မိခင်အဖြစ်လည်းကောင်း အားကိုးအားထားရာ တက္ကသိုလ်တစ်ခု အဖြစ်လည်းကောင်း ယူဆ နိုင်ပါသောကြောင့် လူငယ့်အားမာန် ဟု အမည်ပေးထားခြင်း ဖြစ်ပါသည်။ သက်တမ်းအားဖြင့် ၂၀၁၂ ခုနှစ်စတင်ခဲ့ရာ ယခုအခါ ငါးနှစ် သက်တမ်းအတွင်း သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ တိုးတက်လာသည်ဟု မဆိုငြားသော်လည်း သော့တန်းလန်းဖြင့် အချုပ်ကျနေသော စာကြည့်တိုက်များ စာလျှင်...

စာကြည့်တိုက် တိုးချဲ့

Image
စာကြည့်တိုက် တိုးချဲ့ ရန် ကွန်ပျူတာ စင်တာ တည်ဆောက်ရန်။ အင်္ဂလိပ်စာ သင်တန်းဖွင့်ပေးရန်။ ပြင်ဆင်နေပါပြီ။ စာကြည့်တိုက်တိုးချဲ့ရန်အတွက် စာကြည့်တိုက်ပိုင်ဆရာတော် ဆီသို့ ခွင့်ပြုချက် တောင်းခံနေပါပြီ။ Photo Credit:Ko Aung Myat

စာအုပ် အလှူရှင်

Image
၁၃၇၉ ခုနှစ် ဝါဆိုလပြည့်နေ့တွင် မန္တလေးမြို့ ဦးခင်မောင်တင့်+ဒေါ်စောရီ (ဆောင်းနှင်းဖြူ ဘော်ဒါ)မှ စာအုပ်စာတမ်းများ မဂ္ဂဇင်းစာအုပ်များ ဂျာနယ်များ ကျေးလက်နေ ရွာသူ ရွာသား များ အသိပညာ ဖွ့ံ့ဖြိုး စေခြင်း အလို့ငှာ ဒုတိယအကြိမ် လူငယ့်အားမာန်စာကြည့်တိုက်သို့ လာရောက် လှူဒါန်း ပါသည်။ ကျေးဇူးတင်စွာဖြင့် လူငယ့်အားမာန်စာကြည့်တိုက်မှူး နှင့် တာဝန်ခံ တိုက် လက်ခံ ရယူပါသည်။

အလှူရှင်

Image
လူငယ့်အားမာန်စာကြည့်တိုက် ရေရှည် တည်တံ့ရေး နှင့် စာအုပ်စာတမ်း ဝယ်ယူ ဖြည့်ဆည်းရေး တို့ အတွက် ခရမ်းမြို့တွင် တာဝန်ထမ်းဆောင်နေသာ ဒေါက်တာ ဦးစောသူရိန်+ဒေါ်မြင့်မြင့်သန်း သမီး မသက်မြတ်နိုး မိသားစု မှ အလှူငွေ သုံးသောင်းတိတိ လှူဒါန်းပါသည်။ ကျေးရွာနေ မျိုးဆက်သစ် တက်သစ်စ လူငယ်များအတွက် အနာဂတ် အလင်းတန်းများ ဖြစ်စေမည့်ကူညီထောက်ပံ့ လှူဒါန်းမှုအတွက် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ လှူဒါန်းမှုအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း စာကြည်တိုက် ကိုယ်စား ပြောကြားအပ်ပါသည်။ အလှူငွေ ကို ဆရာဦးဝင်းကြိုင် မှ လက်ခံ ရရှိပါသည်။ ကျေးဇူးတင်စွာဖြင့် လူငယ့်အားမာန်စာကြည့်တိုက်

သစ်ပင်စိုက်ပျိုးပွဲတော်

Image
၂၀၁၇ ဇွန်လ (၁၉) အမေစု မွေးနေ့ အထိမ်းအမှတ်  သစ်ပင်စိုက်ပျိုးပွဲတော် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ *********************************************************************** ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်များ သာဝတ္ထိရွာ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ လူမှုရေးအသင်းအဖွဲ့များ လူငယ့်အားမာန်စာကြည့်တိုက်မှ တာဝန်ခံများ နှင့် သာဝတ္ထိရွာ ပညာဒါန ကျောင်းမှ ကျောင်းသားကျောင်းသူများ ဆရာဆရာမများ ပူးပေါင်းလုပ်ဆောင်မှုနှင့် အတူ ဇွန်လ(၁၉) ရက်နေ့တွင် ဘိုးဝဏ္ဏကျောင်းကွင်းအတွင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပမည်ဖြစ်ပါသည်။ သစ်ပင်စိုက်ပျိုးပွဲတော်တွင် တိုင်းဒေသကြီး လွှတ်တော်အမတ်များ သစ်တောမှ တာဝန်ရှိသူများ၊ဌာန ဆိုင်ရာမှ တာဝန် ရှိသူများ ကြွရောက်ချီမြှင့် ပေးမည် ဖြစ်ပါသည်။ သို့ပါသောကြောင့် ရပ်ဝေးရပ်နီးမှာ မိတ်ဆွေအပေါင်း အား လှိုက်လှဲ နွေးထွေးစွာဖိတ်ကြားအပ်ပါသည်။ (သင်၏ ပူးပေါင်းပါဝင်မှုဖြင့် မိမိ ကျေးရွာ တိုးတက်မြင့်မားအောင်မြင့်တင်ပါ။မိမိတို့ကျေးရွာတိုးတက်မှုသည် မိမိတို့ ကြိုးစားအားထုတ်မှသာလျှင်ဖြစ်မည်။) Photo Credit:Wailin Tun

#ဘွဲ့ရတော့ဘာလုပ်ရမလဲ"

"ဒေါ်အောင်ဆန်းစုကြည်ပြောသော #ဘွဲ့ရတော့ဘာလုပ်ရမလဲ" မေး ဖခင်တစ်ဦးတဲ့။ ကျွန်တော့သားကို စာကြိုးစားဖို့ ပြောတိုင်း ဘွဲ့ရတော့ ဘာလုပ်ရမှာလဲတဲ့။ ပြန်မေးနေပါတယ်။ နောက်ပြီးတော့ အခု ချမ်းသာနေတဲ့ လူတွေဟာ ဘာဘွဲ့တွေ ရတဲ့ လူတွေ များလဲလို့ မေးပါတယ်တဲ့။ (လက်ခုပ်သံများ) ကျွန်တော် တော်တော်ခက်နေပါတယ်တဲ့။ ဒေါ်စု ရှင်းလင်းမှ ဖြစ်မယ်ဗျို့တဲ့။ (ရယ်လျှက်) စု ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတဲ့ အဖြေက အခု အခြေအနေမှာဆိုရင်တော့ ဘာအလုပ်မှ ရမှာမဟုတ်ဘူးလို့ ဖြေရမှာပဲ။ ဒါပေမဲ့ ဒါကြောင့်မို့လို့ စာ မကြိုးစားဘူး ဆိုတာတော့ မမှန်ပါဘူး။ အခု ဘွဲ့ရတွေအတွက် အလုပ်ကလည်း မရှိဘူး။ ကျွန်မတို့ ရတဲ့ ဘွဲ့တွေကလည်း တန်ဖိုးမရှိဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ပညာရဲ့ တန်ဖိုးကတော့ အမြဲရှိနေတာပဲ။ ဘွဲ့နဲ့ ပညာနဲ့ မတူပါဘူး။ ဘွဲ့ရတာတော့ ဘွဲ့ရတာပါ။ ပညာရှိတာဟာ ပညာရှိတာပါ။ အဲ့ဒီတော့ စာကြိုးစားပါလို့ ပြောတာဟာ မိဘတွေကလည်း စာကြိုးစားစေချင်တဲ့ အကြောင်းရင်းကို နည်းနည်း ရှင်းပြဖို့ လိုမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါ ကျွန်မကိုယ်တိုင် ကြားဖူးတာပါ။ တချို့ မိဘတွေ ဟာဆိုလို့ရှိရင် သားသမီးတွေကို စာကြိုးစား၊ စာကြိုးစား၊ စာကြိုးစားမှ အလုပ် ကောင်းကောင်းရမယ်။ အလုပ် ကေ...

စာကြည့်တိုက်များ ဆက်သွယ်ကြပါ

Image
Save the Library App ထဲတွင် အချက်အလက်များထည့်သွင်းနိုင်ရန် အောက်ပါအတိုင်း အချက်အလက် ပြည့်စုံစွာ ပေးပို့ပေးကြပါ။ ၁။ပြည်နယ်(သို့)တိုင်းဒေသကြီး ၂။မြို့နယ်အမည် ၃။ကျေးရွာအုပ်စု ၄။ကျေးရွာအမည် (ရပ်ကွက် အိမ်နံပတ် လမ်းနာမည်) ၅။စာကြည့်တိုက်အမည် ၆။ဆက်သွယ်ရန်အတွက် နာမည် ဖုန်းနံပတ် Email , Facebook ၇။ဘယ်တုန်းကစတည်ထောင်သည် လက်ရှိဆောင်ရွက်ချက် နောက်လုပ်မည့်အစီအစဉ် အကျဉ်း ၈။စာကြည့်တိုက်ဓာတ်ပုံ ၉။တည်နေရာဖော်ပြရန်အတွက် Google Map ကနေ့ စာကြည့်တိုက်နေရာကိုထောက်ပြီး လာဒ်တီကျူ လောင်တီကျူ ပေးပို့နိုင်ပါက တိကျစွာ ရှာလို့ ပိုအဆင်ပြေမည်။ မပို့တတ်ပါကလည်း ခန့်မှန်းရှာနိုင်ပါသည်။ (နောက်မှထပ်ဖြည့်လည်းရပါသည်။) မြန်မာတစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များစာရင်းနဲ့နေရာကို ရှာဖွေရ လွယ်ကူစေရန်အတွက် ဝိုင်းဝန်းပူးပေါင်း ကူညီပေးစေလိုပါသည်။ စာကြည့်တိုက်အချက်အလက်များကို Save the Library Massage Box ထဲသို့ ပို့ပေးစေလိုပါသည်။ https://m.facebook.com/savethelibraryinmyanmar/ Save the Library App ဒေါင်းရန် https://goo.gl/sfch7e Save The Library Website ကနေ စာကြည့်တိုက်အချက်အလက်များပေးပို့နိုင်သလို စာကြည့်တိုက်များအကြောင်း၊ စာပေလ...

အားနည်းချက် အားသာချက် ကိုယ်စီဖြင့် ရှင်သန်နေကြသော အနာဂတ် ပန်းပွင့်လေးများ။

Image
မိမိတို့ ကျေးရွာ အနေဖြင့် ထင်မြင်ယူဆရမည်ဆိုရင် ကလေးငယ်တစ်ယောက် ကျောင်းသားတစ်ယောက်သည် စာတော်လျှင် အားလုံးတော်မည် ဟု ယူဆကြသည်။ စာတော်သည့် ကလေးသည် မျက်နှာပွင့်သည်။ လူချစ် လူခင် ပေါများသည်။ လမ်းမှာ အများဆုံး နှုတ်ဆက်ခံရသည်။ တစ်ဖက် က စာမတော်သည့်ကလေး သည် သုံးစားလို့ မရ ပုံစံဖြင့် ကလေးတစ်ယောက် သိမ်ငယ်စိတ် အငုံစိတ်သည် ကြီးမားလာသည်။ ငါသည် စာမတော်ဖူး။ ငါကို အရေးလုပ်ပြီး နှုတ်မဆက်ဘူး။ ငါသည် အရာမဝင်ဘူး အရေးမပါဘူး အစသဖြင့် ကလေးတစ်ယောက် စိတ်ထဲမှာ စွဲမြဲ စွာဝင်ရောက်သွားပါသည်။ ကလေးတိုင်း တော်ကြပါသည်။ မတော်ကြသည်မှာ လူကြီး မိဘများ၏ အတ္တများဖြစ်ပါသည်။ ဖြူစင်သည့် အတ္တ ဆိုပေမည့် မိမိတို့ ကလေးကို နှုတ်အားဖြင့် အမူအရာအားဖြင့် နေ့စဉ် သတ်ဖြတ်နေပါသည်။ နင်ဒါလေးတောင် မသိဘူး။ နင့်အကို နင့်အစ်မ ချီးစား(မရိုသေ့စကား) နင့်တို့အတန်းထဲက ဘယ်သူ့ ဖိနပ်ကိုင်  အစ သဖြင့် စကားလုံးများဖြင့် ပစ်ပေါက် သတ်ဖြတ်နေတယ်လို့ ကလေးစိတ်ထဲမှာ စွဲမြဲသွားပါသည်။ ပတ်ဝန်းကျင်မှာ နှိုင်းယှဉ်ကြသည် ဘယ်သူ့သား ဘယ်ဝါ့သား ဖြင့် ဘယ်လောက်တော်တာ. နင် ဖြင့် ဖျင်းတာ။ တကယ်တော်စေချင်တာ တတ်စေချင်တာလား မိမိတို့ သားသမီးအတွက် ဂုဏ်ယူချင်တာလား?  တစ်ယောက...

ကလေးတိုင်း ကလေးတိုင်း စာကြည့်တိုက် ကို တံခါး မရှိ။ ဓားမရှိ ဝင်ရဲ ထွက်ရဲ နိုင်ရမယ် ။

Image
အထူး သဖြင့် စာကြည့်တိုက် နဲ့ ကလေးငယ် များဟာ စိမ်း မနေသင့်ဘူး။ စာကြည့်တိုက်သည် သူတို့လေးတွေ အတွက် ခိုနားရာ ဘုံဗိမ္မာန်တစ်ခု တစ်ခု အဖြစ်ရှိနေသင့်တယ်။ စာကြည့်တိုက် ဆိုတဲ့ စကားလုံးအောက်မှာ သော့တန်းလန်းနဲ့ မြင်ရတဲ့ မြင်ကွင်းဟာ ရင်နင့်ဖွယ်ရာပါပဲ။ ဆိုဖွယ် စကာလုံး မရှိတော့ပေ။ စာကြည့်တိုက် တံခါးတိုင်း ဖွင့်နိုင်ရမည်။ ဖွင့်နိုင်အောင် ကြိုးစားသင့်သည်။ လူငယ့် အားမာန်စာကြည့်တိုက်သည်  ထိုအတားအဆီးကို ကျော်လွန်ခဲ့ပါသည်။ နောက်အတားအဆီးတစ်ခုက ဆီးကြိုမြဲပါ။ ကျွန်တော်တို့သည် အတားအဆီးများကို ကျော်ဖြတ်ရင်း ။ ဖြတ်ကျော်ရင်း နောက်အတားအဆီးများကို ရင်ဆိုင်ရမြဲ။ ကလေးငယ်များ စာဖတ်အားကျဆင်းခြင်း နှင့် စာကြည့်တိုက် သက်ဝင်လှည်ပတ်ခြင်း။ ကလေးငယ်များ စာဖတ်အားကျဆင်းခြင်း ဘာကြောင့် စာဖတ်အားကျဆင်းရတာလဲ။ ကလေးတွေ အကြိုက်သိဖို့ လိုပါတယ်။ စာကြည့်တိုက်မှူးသည် ကလေးငယ်များကို ချစ်တတ်ဖို့ သူတိုနဲ့ ကျွမ်းဝင်ဖို့ ။ ပြောရဲ ဆိုရဲ ရှိဖို့။ ဒီနေရာမှာ စာကြည့်တိုက်မှူး အခန်း ကဏ္ဍသည် အရေးကြီးပါသည်။စာဖတ်သူ ကလေးငယ်များထံ မှ မိမိတို့ ကြိုက်နှစ်သက်ရာ ဇာတ်ကောင်များ စာအုပ်အမည်များကို စစ်တမ်းကောက်ယူပြီး ဝယ်ယူဖြည့်ဆည်းပေးခြင်းအ...

အမေ့ပြောတဲ့…….ကြက်ဥတစ်လုံး

Image
အမေ့ပြောတဲ့…….ကြက်ဥတစ်လုံး မီးခိုးတွေ တအူအူထွက်နေသော တဲအို…… ထိုတဲအိုထဲမှာ အမေ.. အဖေ့အတွက် သားသမီးတွေအတွက် တကုတ်ကုတ်ချက်ပြုတ်နေခဲ့တာ နှစ်တွေ အတော်ကြာခဲ့ပြီ……ဒီလိုနေ့တွေမှာဆို အမေသည် မမောနိုင် မပန်းနိုင် ချက်ပြုတ်နေပြီလေ အင်ဂျင်နီယာကျောင်းသားလေး အမေ့သားလေးပြန်လာပြီ ဆိုသည့် အသိ စိတ်က အမေ့ကို မမောတမ်းမပန်းတမ်း အလုပ်လုပ်စေခဲ့ပါတယ် ထိုအရာသည် မေတ္တာ…မိဘ..မေတ္တာ ငါ့သားလေး တနယ်တကျေး မှာအစားအသောက် ဆင်းရဲ အနေဆင်းရဲ ကျောင်းတက်ရရှာ သည် ဆိုတဲ့ စိုးရိမ်ပူပန်မှု ဖြင့် ကျောင်းပိတ်ပြန်လာခိုက် အစွမ်းကုန်ချက်ပြုတ်စေတာ မိဘစေတနာ…. အမေ့ထမင်းချက်တဲအိုထဲ ဝင်သွားရင်း အမေ့ဘာဟင်းချက်လဲ မင်းကြိုက်တဲ့ ကြက်ဟင်းခါးသီးလေးကြော်ရယ် ပဲနီပြုတ်ကြော်လေးရယ် ငံပြာရည်ဖျော် ရယ် နောက်ဖေးက ချဉ်ပေါင်ရွက်လေးခူးပြီး အချဉ်ရည်လေးလုပ်ထားတယ်..သားရယ် နောက်အမေက ကောက်ခါငင်ကာ အဆုံးအစမရှိ “ငါ့သားကို အမေ တစ်ခု မေးရဦးမယ် ငါ့သား အခုကြက်ဥ ဘယ်နှလုံး စားချင်လဲ……..ဟင်” “ဗျာ”  ဘာဖြစ်လို့လည်း အမေ ဒီဟင်းနဲ့လည်း အဆင်ပြေပါတယ် သားစားတတ်ပါတယ် ဟုတ်ပါတယ် သားစားတတ်မှန်းလည်းသိပါတယ် အမေ့က မင်းငယ်ငယ်ကမေးခဲ့တဲ့စကားလေးတစ်ခွန်းကို သွားသတိရလို့မေးကြည့်တာပါ ...

စာကြည့်တိုက် ကိုဘာကြောင့်ဖွင့်ချင်တာလဲ။

Image
စာကြည့်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်းအရင်းကတော့ ၁. မခံချင်စိတ်။ ၂.ယုံကြည်စိတ်။ ၁.ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။ ၁.၁။အချက်။ ကျွန်တော်တို့ရွာကလေးကိုမန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေးနဲ့ ဝင်လာပါတယ်။ကားပေါ်ကဆင်းဆင်းချင်းပဲမိသန်းနင့် တို့ရွာကလူတွေ ရိုင်းလိုက်တာ။ ဟောတော် ဦးလေးကလည်းခရီးရောက်မစိုက် တော်။ နင့်တို့ရွာစာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။ ဟုတ်ပါတယ်။သူ့မေးသည့်အချိန်ကစာကြည့်တိုက်မရှိသေးပါ။ ဘာကြောင့် သူရိုင်းတယ်လို့ပြောခြင်းအချက်ကိုမှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာစာမှာရှိဆိုသည့် ဆိုရိုးစကားအတိုင်းစာပေကပေးတဲ့ အသိစာပေကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။ ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာမင်းတို့ရွာရိုင်းတာလို့ ပြောတာကိုမခံချင်ပါဘူး။ ထိုဦးလေးကိုကိုမုန်းလည်းမမုန်းသလိုချစ်လည်းမချစ်မိပါဘူး။သို့ပေမယ့် သူကိုအချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်းတင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာမင်းတို့ သာဝတ္ထိရွာများအရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာသက်သေပြချင်မိပါတယ်။ ၁.၂။အချက်။အင်ဂျင်နီယာကျောင်းတက်နေသမျှ ကာလပတ်လုံး ကျွန်တော...

အလှူရှင် ဦးခင်မောင်တင့်+ဒေါ်စောရီ

Image
မန္တလေးမြို့နေ ဦးခင်မောင်တင့်+ဒေါ်စောရီ မိသားစု ဆောင်းနှင်းဖြူ ဘော်ဒါဆောင်မှ လူငယ့်အားမာန်စာကြည့်တိုက်အတွက် မဂ္ဂဇင်းစာအုပ်များ လာရောက်လှူဒါန်းသည့်အတွက် များစွာ ကျေးဇူးတင်မိပါသည်။ 

စကားလုံးတွေ နဲ့ မြှင့်တဲ့ပညာရေး

အဆင့်မြင့်ပညာရေး စီမံကိန်း ကျောင်းတက်နှစ်တွေ ထပ်တိုးလာ နှစ်တိုးလို့တတ်လာမယ်ထင်သလား တိုးလိုက်ဒီထက်တိုးလိုက် အဲလိုဆိုဆယ်နှစ်လည်းတက်မယ် အစမ်းသပ်ခံတော့မလုပ်နဲ့ ခင်ဗျားတို့မှားတော့ ဆောရီး ကျုပ်တို့ဘဝတွေမှာတော့ခါးသီးလို့ ခေါင်းစဉ်တွေ့ပဲပြောင်းသွားတယ် အကြောင်းအရာတွေကတော့အရင်အတိုင်းပဲ သွားကြည့်လိုက် lab ခန်းတွေ သော့တန်းလန်းနဲ့ အခုထိအချုပ်ကျနေတုန်း ကွန်ပျူတာဆို ဟီရိုရှီးမားထက်ဆိုးသေး ပေါက်ကွဲပစ္စည်းအတိုင်း မတို့ရမထိရ နှစ်တွေဘယ်လောက်ညောင်းခဲ့ပြီထင်လဲ သင်ရိုးညွန်းတမ်း တွေအတွက် စာအုပ်ဖိုးတွေ သွင်းလိုက်ရတာ နှစ်ကုန်လို့တောင်မဲနှိုက်လို့မဆုံးဘူး အဲလိုအဆင်မပြေမှုတွေ နှစ်ဘယ်လောက် စံတေးခံကျောင်းသားတွေ ဖြတ်သန်းခဲ့ပြီလဲ နှစ်ဦးစကတည်းက အားကစားကြေးသွင်းခဲ့သေး ကျုပ်တို့ကစားတော့ကိုယ့်ငွေနဲ့ကိုယ် မသိလို့ပါ ကျုပ်တို့မကစားတဲ့နှစ်တွေ ဘယ်သူတွေကဝါးကြစားကြသလဲ နှစ်တွေနှစ်တွေမနည်းမနောပါ အကြောင်းအရာတစ်ခုအတွက်ဆို ဘယ်တော့မှကြိုတင်အကြောင်းမကြားဘူး မှောက်လိုကမှောက်လှန်လိုကလှန် ဒင်းတို့အကြံဒါအကုန်ပဲလား ပို့ပစ်လိုက်တာကျောင်းတွေကျောင်းတွေ မြို့စွန်မြို့ဝေးကိုယ့်ထူမ ှထရမယ့်ဘဝတွေ ကျောင်းစာကြည့်တိုက်တွေမရှိဘူး ကျောင်းသားတွေယာဉ...