Posts

စာမေးပွဲမရှိတဲ့ စာကြည့်တိုက်မှာ ထွက်တဲ့ အောင်စာရင်း

Image
ဟုတ်မင်္ဂလာပါ။ ဒီလို စနေ တနင်္ဂနွေ လို သီတင်းပတ် ကျောင်းပိတ်ရက်ဆိုရင် ကျောင်းသား ကျောင်းသူ ငယ်လေးတွေ လူငယ့်အားမာန်စာကြည့်တိုက်မှာ  စုရုံး တတ်ကြပါတယ်။  ဒီနေ့ တော့ မမျှော်လင့်ပဲ ဖုန်းခေါ်လိုက်ပါတယ်။ ဟဲလို စာကြည့်တိုက်မှူလား ။  ဟုတ်ပါတယ်။ ဘာပြောချင်လို့လဲ။ ပြောပါ။  အရင်ဆုံး မေးတဲ့ မေးခွန်းက စာကြည့်တိုက်မှာ ကလေး ဘယ်နှစ်ယောက်ရှိလဲ။  အားလုံးပေါင်း ၂၀ လောက ်ရှိမယ်။ အဲဆို စကားဝိုင်းလုပ်ပေး ပါ။ အားလုံး ဝိုင်းထိုင် ဖုန်းကို စကားဝိုင်းအလည်မှာ ချပေးပါ။ ဟဲလို အားလုံးပဲ မင်္ဂလာပါ သားတို့ သမိးတို့ ။  အရင်ဆုံး စာကြည့်တိုက် မှာ အမြဲတမ်းလာတဲ့ သားသား ခိုင်စိုးဟိန်းကို ခေါင်းဆောင်ခန့်လိုက်တယ်။  သားသား အခုစကားဝိုင်းမှာ လူဘယ်နှစ်ယောက်လဲ ၁၂ ယောက်ထင်တယ်။ ထင်တယ် မပြော နဲ့ တိတိကျကျ ပြောပေးပါ။  ၁၈ ယောက်ပါ ။ အဲဒီ ၁၈ ယောက်လုံးကို နာမည်၊ မိဘအမည်၊အတန်း၊အသက်၊ လမ်းနာမည် မိတ်ဆက်ခိုင်းပေးပါ။  ၁၈ ယောက်လုံ းမိတ်ဆက်ခိုင်းလိုက်ပါတယ်။ တစ်ချို့က ကျွန်တော် နှင့် စကား ပြောဖူးသလို တစ်ချို့ကလေးများက  တစ်ခါမှ မပြောဖူးပါဘူး။ ကျွန်တော်တို့ လုပ်နေတဲ့ စာကြည့်လုပ်ငန်းက တစ်နှစ်တစ်တန်...

ကျမသာ စာကြည့်တိုက် မှူးတစ်ယောက်ဖြစ်ခဲ့လျှင်

Image
အသိပညာ အတတ်ပညာ များများပေးတဲ့ စာအုပ်တွေ များများထားမယ်။ ပညာဉာဏ်မြင့်မားအောင် စာပေဟောပြောပွဲတွေ များများလုပ်ပေးမယ်။ စာကြည့်တိုက် ကို တိုးချဲ့မယ်။ စာကြည့်တိုက်မှာ သစ်ပင်ပန်းပင်တွေကို စိုက်ပျိုးပေးပြီး စာကြည့်တိုက်ကို ဝင်ကြည့်ပြီး ဖတ်ဖြစ်အောင် လုပ်ပေးမယ်။ စာအုပ်တွေလည်း စီစီရီရီ သပ်သပ်ရပ်ရပ်ဖြစ်အောင် ကလေးတွေကို သေချာ ပြောပြထားမယ်။ စာဖတ်ဖြစ်အောင်တိုက်တွန်းပေးမယ် စာကြည့်တိုက် ရောက်လာရင် စည်းကမ်းရှိစွာ နေခိုင်းမယ်။ လေးစားစွာဖြင့် ဦးသိန်းထွန်းဦး+ဒေါ်ဝင်းဝင်းခိုင် သမီး မပိုးအိသိန်း သတ္တမတန်း

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

Image
ကျောင်းသားကျောင်းသူများ စာမှာ စိတ်ဝင်စားအောင် သင်ပြမယ်။ ကျောင်းသားကျောင်းသူတွေကို ငယ်ငယ်လေးကတည်းက ယဉ်ကျေးလိမ္မာအောင် ဆရာဆရာမ လူကြီး မိဘ တွေကို ရိုသေလေးစားအောင် စာကြိုးစားအောင် ပြုပြင်မယ်။ ပြောပြမယ်။ သင်ပေးမယ်။ ဆရာမတို့လို ကြီးရင် ဆရာမကြီးဖြစ်အောင် ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်အောင် ကြိုးစားရမယ်လို့ သင်ပေးမယ်။ ကျောင်းသားကျောင်းသူတွေကို ငယ်ငယ်လေးကတည်းက စာနဲ့မျက်နှာနဲ့ မပြတ်အောင် စာကိုမှန်မှန် ကျက်အောင် သင်ကြားပေးမယ်။ နားလည်အောင် ရှင်းပြမယ်။တစ်ခါတစ်လေ ကလေးတွေ မပျင်းအောင် **************************************************** ရယ်စရာတွေ ပုံပြင်တွေ မှတ်သားစရာတွေ ပြောပြမယ်။ ကျောင်းသားကျောင်းသူတွေကို စာမှာ ထူးထူးချွန်ချွန် ဖြစ်အောင် သင်ကြားပေးမယ်။ ကျောင်းမှာ တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ပဲ ချစ်ချစ်ခင်ခင် နေဖို့ ပြောပြမယ်။ ဦးအောင်စောထွေး+မခိုင်ယဉ်ဦး ဆဌမတန်း သမီး မနှင်းပွင့်ဖြူအောင် (ဆရာမ ဖြစ်ချင်သူ သမီးလေး မနှင့်ပွင့်ဖြူအောင် လက်ရာလေးပါ။)

ကျမသာ ဆရာဝန်မကြီး ဖြစ်ခဲ့လျှင်

Image
ကျမသာ ဆရာဝန်မကြီး ဖြစ်ခဲ့လျှင် ရွာသူ ရွာသားတွေ အပေါ် တတ်နိုင်သလောက် ကူညီမယ်။ အားပေးမယ်။ ပိုက်ဆံ မရှိလို့ မကုသနိုင်တဲ့ ဆင်းရဲသား တွေအပေါ်မှာ အခမဲ့ဆေး ကုသပေးမယ်။ ရွာမှာ ရှိတဲ့ ကျောင်းသားတွေကို ကိုယ်ရတဲ့ လစာ နဲ့ ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့မယ်။ ငွေလိုနေတဲ့ သူတွေကို ငွေထောက်ပံ့မယ်။ ကလေးတိုင်း ကျန်းမာပျော်ရွှင်စေဖို့ သူတို့ လိုအပ်နေတဲ့အရာတွေကို ဖြည်းဆည်းပေးမယ်။ သက်ကြီးဝါကြီးတဲ့ အဖိုးအဖွားတွေ သားသမီးမဲ့နေတဲ့ အဖိုးအဖွားတွေ ကို အခမဲ့ ပြုစုစောင့်ရှောက်မယ်။ ငွေမရှိလို့ ကလေးမီးမဖွားနိုင်တဲ့ အမျိုးသမီးတွေကိုလည်း ကူညီမယ်။ မွေးခါစ ကလေးတွေကိုလဲ လူ့ဘဝထဲမှာ ကောင်းစွာ ရှင်သန်ဖို့ လိုအပ်တဲ့ ကျန်းမာရေးဆေးတွေ ကူညီစောင့်ရှောက်မယ်။တိုက်ကျွေးမယ်။ နည်းလမ်းမမှန်တဲ့မိခင်တွေကို နည်းလမ်းမှန် စနစ်မှန် တွေ ဖြစ်အောင် တတ်နိုင်သလောက် ရှင်းပြမယ်။ ကျွန်မတို့ ရွာအတွက် ပညာရေး ကျန်းမာရေး တိုးတက်လာအောင် ကူညီ ဝိုင်းဝန်း ထမ်းဆောင် သွားပါလို့ ကျေးဇူးတင်စွာဖြင့် ဦးစိုးမြင့်+ဒေါ်သန်းနွဲ့ သမီး အေးမြသီတာ ဆဌမတန်း

ကျမသာ ကျေးရွာအုပ်ချုပ်ရေးမှူဖြစ်ခဲ့လျှင်(Two Years)

Image
ရွာသူရွာသားများကို စနစ်တကျ အုပ်ချုပ်မယ်။ အသိပညာ အတတ်ပညာ ကြွယ်ဝတဲ့သူများကို စုခေါ်ပြီးလျှင် အိမ်မှာပဲဖြစ်ဖြစ် စာသင်ကျောင်းမှာပဲ ဖြစ်ဖြစ် ကလေးတွေကို အသိပညာ အတတ်ပညာ ကြွယ်ဝအောင် စာကြည့်တိုက်ကို ဖွင့်ပေးပြီး စာအုပ်တွေကိုလည်း ရွာသူရွာသားများ က ထောက်ပံ့လာအောင် ဆွေးနွေးတိုင်ပင်မယ်။ ရွာထဲမှာ ပွနေတဲ့ ပလပ်စတစ်၊စက္ကူ တွေကို အမှိုက်အိတ်ထဲစုထည့် ကိုယ့်လမ်းနဲ့ကိုယ်ရှင်းအောင်လုပ် အမှိုက်ပစ်တဲ့နေရာကိုပစ်ပြီ မီးရှို့ခိုင်းမယ်။ ရွာထဲမှာ တတ်နိုင်သူက တတ်နိုင်သလောက်ထည့်ပြီး အမှိုက်ပုံးဝယ်ရန် အလှူခံထွက်မယ်။ အမှိုက်ပုံးထဲမှာပဲ အမှိုက်ပစ်ရမယ်။ မပစ်လျှင် တွေ့တဲ့သူက လာပြောရမယ်လို့ စည်းကမ်းထုတ်ထားမယ်။ အခု လျှပ်စစ်မီးတွေရပြီ ဆိုတော့ မီးတွေကို သေသေချာချာ ဂရုစိုက်ပါ။ ကလေးတွေကို မီးပလပ်ပေါက်ထဲ “လက်ဖြင့်မထိုးရန်” လူကြီးတွေက သေချာစွာ ဂရုစိုက် ဆုံးမရန်။ မိဘတွေကလည်း ကလေးတွေကို ပညာရေးနဲ့ပတ်သတ်ပြီး အားပေးပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ /မဆောင်းဝတ်ရည်။ ဆဌမတန်း ဦးတင်ထွန်းလတ်+ဒေါ်အေးအေးနွဲ့

စာဖတ်ရင် ဘာရမလဲ?

Image
စ ာကြည့်တိုက် သွားတော့ ဘာတွေ ထူးခြားလာမှာလဲ ? ဆိုတဲ့ မေးခွန်းတွေ ဖြေနိုင်ဖို့ ကြိုးစားနေပါတယ်။ ******************************************** မနက်ဖြန်တိုင်းမှာ တောက်ပတဲ့ အလင်းရောင်တွေ တောက်ပတဲ့ အိပ်မက်တွေနဲ့ ကိုယ့်သွေးသားမပါတဲ့ မျိုးဆက်သစ်တွေကို ထမ်း ပိုးလာပါတယ်။ ******************************************** စာကြည့်တိုက်ဟာ စဖွင့်ခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာ ၁၂ ညနေခင်းမှာ အဖြူ အစိမ်း ဝတ် ကလေးငယ်တစ်ယောက် သပ်ရပ်မှု မရှိတဲ့ လမ်းဘေး လူငယ့်အားမာန်စာကြည့်တိုက်မှာ စာလာဖတ်သွားပါတယ်။ သူမ သတိရနေမလားတော့ မသိ။ ယခု BEd ဆရာမ တစ်ယောက် ဖြစ်လို့ နေပါတယ်။ နှစ်စဉ် ဆုပေးပွဲ လုပ်ဖြစ်ခဲ့ပါတယ်။ စာဖတ်အား အကောင်းဆုံးဆုပါ။ ၂၀၁၄ ခုနှစ်မှာ ကော်မတီ နှစ်သစ်တဲ့ စာရိတ္တ ကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အခါ ၂၀ ငှားလို့ ရတဲ့ စာအုပ်ငှား ကဒ် လေးတွေကို ၂၀၀ ဖြင့် ရောင်းထားပါတယ်။ စိတ်ကြိုက် အုပ် ၂၀ ငှားလို့ ရပါတယ်။ စစ်ဆေးသူ မရှိပါဘူး။ သူ့တို့ ကုန်ပြီ ပြောမှ ၂၀၀ ထပ်ပေးပြီး အသစ် လုပ်ပေးပါတယ်။ အခြားသူတွေကတော့ ကုန်လည်း မပြောခဲ့ ဖြစ်သူ များပါတယ်။ ထိုကောင်မလေးက တော့ ကဒ်ကုန်ပြီဆိုတဲ့ အကြောင်း အလှူငွေ ၂၀၀ ထားခဲ့တယ်ဆိုတဲ့ အ...

စာကြည့်တိုက် မှာ အေးချမ်းစွာ စာဖတ်ကြဖို့ပါ။

Image
ပြည်သူလူထုက တစ်ရက်လုပ်မှ တစ်ရက်စား ဆိုရင် စာဖတ်လို့ မရပါဘူး။ ခေတ်လူငယ်တွေ စာဖတ်နေရင် ထမင်းစားရမလား အလကား အလုပ်မလုပ်ချင်လို့ စာဖတ်ချင်ယောင် ဆောင်နေတာ အလုပ်မရှိ မကိုင်မရှိမို့ စာဖတ်နေတာ။ မိဘကို မကူညီချင်လို့ စာဖတ်နေတာ။ စာဖတ်မဲ့ အစား ဘာ လုပ်ပါ့လား ညာလုပ်ပါ့လား။ စာဖတ်ခြင်းကို အရေး ကြီးတယ်လို့ မသိသလို။ စာဖတ်ခြင်းကို တန်ဖိုးမထားဘူး။ တန်ဖိုး ရှိတဲ့ အရာတွေ တန်ဖိုးမထားတော့ ။ တန်ဖိုးထားရမယ့် အရာတွေ တန်ဖိုးတက်မလားဘူး။ လူငယ်တွေကို မြေတောင်မြောက်ပေးမယ်။ တန်းဖိုးရှိတဲ့ အနာဂတ် လူသားအရင်းအမြစ်တွေဖြစ်လာအောင် ခေတ်တစ်ခေတ်ကို ထမ်းဆောာင်နိုင်တဲ့ သားကောင်းရတနာတွေ သမိးကောင်းရတနာတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ လူငယ်တွေ အနာဂတ်အတွက် လူငယ်စင်တာတွေ များများ ရှိအောင် ကြိုးစားကြပါစို့။ စာဖတ်ရင် ထမင်းစားရမှာလားဆိုတဲ့ မေးခွန်းဖြေဖို့ အလုပ်ကြိုးစားနေပါတယ်။ လေးစားစွာဖြင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

အင်္ဂလိပ်စာသင်တန်းဆင်း နှုတ်ဆက် ဂါရဝပြုပွဲ

Image
၂၀၁၈ မတ်လ ၂၉ စစ်ကိုင်းတိုင်ဒေသကြီး၊ရွှေဘို ခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် တာဝန်ခံများနှင့် သာဝတ္ထိပညာဒါန စာသင်ဝိုင်းတို့ ပူပေါင်းဆောင်ရွက်သော နွေရာသီ (၁)လတာ အင်္ဂလိပ်စာသင်တန်းပြီးဆုံးပွဲကို ၂၀၁၈ မတ်လ ၂၉ ရက်နေ့ ညနေ သုံးနာရီ အချိန် ရွှေဘုံသာကျောင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  ထိုသင်တန်းတွင် စတုတ္တတန်းမှစတင်ကာ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများ တက္ကသိုလ်အသီးသီးတက်ရောက်နေသည်များ စုစုပေါင်း ကျောင်းသားကျောင်သူ အရေအတွက် ၁၄ဝ အထိ တက်ရောက် သင်ကြားကြပါသည်။ လာရောက် သင်ကြားပေသည့်ဆရာမ များမှာ ရန်ကုန်မြို့ ဆရာကြီးဦမြကြိုင်ပညာဒါန မှ ဆရာမများဖြစ်ပါသည်။ အင်္ဂလိပ်စာသင်တန်းကို အနီးအနား မှ ကျေးရွာဖြစ်သော ဥယျာဉ်လေး၊ ငါးရုံကြီး မှ ကျောင်းသာကျောင်းသူများလည်း လာရောက် သင်ကြားကြသည်ဟု သိရပါသည်။  တစ်လတာ သင်ကြားပြီးနောက်သင်တန်းဆင်းပွဲနေ့တွင် Presention ပြောကြားခြင်း ဆရာမများအား နှုတ်ဆက်ဂါရဝဖြင့်ခြင်းဖြင့်  သင်တန်းဆင်းပွဲကို ပိတ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး နောင်နှစ်များတွင်လည်း ဆက်လက်ကျင်းပ ဆောင်ရွက်သွားမည်ဟု သိရပါသည်။ သ...

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

Image
ကိုးကား@@@စာအုပ်အမည်-စာဆိုတော်များ အတ္ထုပ္ပတ္တိ မူရင်းရေးသားသူ-မောင်သုတ အမည်ခံ ဗိုလ်မှူးဘသောင်း၊(မဟာဝိဇ္ဇာ၊ရွှေတံဆိပ်ဆုရ) ပြုစုသော ထပ်မံဖြည့်စွက်-ဦးခင်အေး(မောင်ခင်မင်၊ဓနုဖြူ)ပါမောက္ခ၊မြန်မာစာဌာန၊ရန်ကုန်တက္ကသိုလ် တည်းဖြတ်ဖြည့်စွက်သည်။ ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ ၁၂၀၀ခန့်-၁၂၆၀ခန့် “စည်းစိမ်ကြီးပါဘိ၊ရုတ်သီးထောင့်ကိုင်၊နှစ်ယောက်ကယ်ထိုင်၊ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့်”အစရှိသော လွမ်းချင်းနှင့်တကွ တောဓလေ့ဖွဲ့ လွမ်းချင်းပေါင်းများစွာ၊သံချို လေးချိုးဖွဲ့ပေါင်းများစွာ ကို ရေးသားစီကုံးခဲ့သူ ဦးကြီးမှာ ‘ဈေးတက်-တောင်ကြားရွာ’ ဘွဲ့သမိုင်း၊ပါဌာနုသာရီသတ်ပုံ၊ရတနာကြေးမုံ အစရှိသည်တို့ကို ရေးသားဖွဲ့နွ့ဲသူ ဦးကြီး နှင့် တစ်ခေတ်တည်းလောက်တွင် ပေါ်ပေါက်ခဲ့ငြားသော်လည်း တစ်ဦးစီ တခြားစီ ဖြစ်ပေသည်။  ထိုစာဆိုတော်နှစ်ဦးလုံးပင် ပဉ္စမသင်္ဂါ ယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီးနှင့်သားတော်သီပေါမင်းတရားကြီးတို့ လက်ထက်တော်အခါများကပင် ပေါ်ပေါက်ခဲ့ကြသများပင် မှန်သော်လည်း လွမ်းချင်းဆရာကြီး မှာ ရွှေဘိုမြောက်လက် ခင်ဦးနယ် သာဝတ္ထိသားဖြစ်၍ ဈေးတက်-တောင်သာကြားရွာ ဘွဲ့သမိုင်းဆရာကြီး ဦးကြီးမ...

ရွှေဘိုမြောက်ခြမ်း လူငယ်စာကြည့်တိုက်လေးသို့

Image
“စာအုပ်စာပေ လူ့မိတ်ဆွေ” “စာဖတ်သည့်လူမျိုးသည် တိုးတက်၍ တိုးတက်သည့် လူမျိုးသည် စာဖတ်သည်” ဟု ဆောင်ပုဒ်များစွာကို စာကြည့်တိုက်တော်တော်များများတွင်  ချိပ်ဆွဲထားကြပါသည်။ စာပေဧ။် တန်ဖိုးသည် ကြီးမားပါသည်။ စာပေ အဆင့်အတန်း စာပေ လက်ရာသည် လူမျိုးတစ်မျိုးဧ။် အဆင့်အတန်းကို လှစ်ဟ ပြနေပါသည်။ ဆရာမြသန်းတင့် ဘာသာပြန်ဆိုထားသော ဧကရာဇ်တို့ဧ။် ဘဏ္ဍာတိုက်များ ဘာသာပြန်စာအုပ်တွင် “လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေလျှင် ပိုက်ဆံကိုဒီလောက် မက်မောနေလျှင် ဒီလူမျိုးဟာ ကြာရှည်ခံမှာ မဟုတ်ဘူး”  ဟု ဖတ်ရှု မှတ်သားရပါသည်။ ဖတ်ရှုခြင်းနှင့်အတူ စာပေလက်ရာများအလေးထားမှု တန်ဖိုးထားမှု အားပေးမှု မြေတောင်မြောက်မှု အစသဖြင့် ဆက်လက်တွေးခေါ်လိုက်ရာ တော်တော် ရင်မောမိပါသည်။ ယခင့် ယခင် ရေးသားခဲ့ကြသော စာရေးဆရာကြီးများမှ လွှဲ၍ နောင်းခေတ်လူငယ်လက်သစ် စာရေးဆရာသစ် ကလောင်သစ်များမှာ တော်တော် ရှားပါးသည့် အရာများ ဖြစ်နေပါပြီ ထင်မြင် ယူဆမိပါသည် ။ ခေတ်အဆက်အဆက် ကလောင်သစ်တို့ စာပေလက်ရာ သွေးဖို့ ကလောင်သွေးဖို့ လည်း ရှားပါးနေပါလိမ့်မည်။ အိုင်တီ ခေတ် ဆိုရှယ် ခေတ် အစသဖြင့် ခေါ်ဆိုနေကြပြီး လူတိုင်းသည်လည်း ထိုခေတ်ပေါ်တွင် စီးမျှောနေလျှက်ရှိ...

ပန်း ပန် ဖို့ အပြိုင်ပေးကြသော ရွာကလေး

Image
အင်္ဂလိပ်စာ တစ်လ တာ သင်တန်းအတွက် ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင် CoC ပညာဒါနသင်တန်း ဆရာမ များ မှ မိုင်ပေါင်းဝေးကွာလှသော ရွှေဘိုဖက်မြောက်ခြမ်းဆီသို့ အပင်ပန်းခံကာ လာရောက် သင်ကြားပေးပါသည်။  လာရောက်သည့်နေမှ စ၍ ယနေ့ထိဆိုလျှင် ၁၆ ရက်မြောက်နေ့ ထိ ပျက်ကွက်သူ မရှိသလောက် နည်းပါးကာ အင်္ဂလိပ်စာကို စိတ်ဝင်စားစွာ တက်ရောက်ကြပါသည်။ တစ်ရက် နှင့် တစ်ရက် တိုးတက်လာသော ကလေးငယ်များကို ကြည့်ကာ ဦးဆောင်သူတွေရော ဆရာမတို့ပါ ကျေနပ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။  အရှိန်အဟုန်ဖြင့် တိုးတက်ဖို့ တာစူ နေသော ရွာကလေးတွင် ချစ်စဖွယ်ကလေးများဧ။်တန်ဖိုး ချစ်ခြင်းမေတ္တာတရားက ပို၍ ပေါ်လွင်နေပါသည်။ ကလေးငယ်များသည် မိမိတို့ အင်္ဂလိပ်စာ ဆရာမ များကို ပန်းပေးခြင်း  နှုတ်ခွန်းဆက် ချစ်ဖွယ်စကားဆိုခြင်းဖြင့် ယဉ်ကျေးဖွယ် အနာဂတ်သားကောင်းသားမြတ်ရတနာအဖြစ် ဆရာများကို ပြောဆို ဆက်ဆံပုံမှာ ကျေနပ် ကြည်နှုးဖွယ်ဖြစ်ရပါသည်။  တည်ငြိမ်းအေးဆေးလှသော ရွာကလေးသည် မျိုးဆက်တစ်ခု အပြောင်းအလဲအတွက် မမိတ်မသုန် ကြိုးပမ်းရင်း ပန်းပေးဖို့ အလှမ်းမဝေးခဲ့ပါလေ။ လူငယ့်အားမာန်စာကြည့်တိုက် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ

အလှူငွေ စာရင်း

Image
၂၀၁၇ ခုနှစ် မတ်လ မှ စတင်၍ ၂၀၁၈ ခုနှစ် မေလ အထိ လှူဒါန်းကြသော အလှူငွေ များဖြင့် လူငယ့်အားမာန်စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ( ကွန်ပျူတာသင်တန်း အင်္ဂလိပ်စာသင်တန်း ) အတွက် ရည်ရွယ်ဆောင်ရွက်နေပါသည်။ ထိုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လှူဒါန်းကြသော အလှူရှင်များအတွက် လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ အောက်ပါlink တွင် ကြည့်ရှုနိုင်ပါသည်။ https://drive.google.com/…/1KkPtg-7OYdnywKI7QXKT5LEi0o…/view လေးစားစွာဖြင့် လူငယ့်အားမာန်စာကြည့်တိုက် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရန်ပုံငွေ ရှာဖွေရေးတာဝန်ခံ

ချစ်စရာ စာကြည့်တိုက်ကလေး (ဖေမြင့်)

Image
အခါအခွင့်သင့်၍ နိုင်ငံရပ်ခြားသို့ အခိုက်အတန့်ရောက်ရှိသည့်အခါတိုင်း စာကြည့်တိုက်များ၊ စာအုပ်ဆိုင်ကြီးများသို့ ကျွန်တော်အပြေးအလွှားသွားရောက်လေ့ရှိသည်။ တိုင်းတစ်ပါးတွင် စိတ်ဝင်စားစရာတွေ ပေါများလှပါသည်။ သို့သော် ထူးခြားသည့်အရာမှန်သမျှကို လိုက်လံမောနေဖို့ မဖြစ်နိုင်ရာ၊ ရရှိသည့်အချိန်ကလေးတွင် မိမိနှင့် အသက်ဆိုင်ဆုံးကဏ္ဍ၌ အာရုံစိုက်ရခြင်းဖြစ်သည်။ စာကြည့်တိုက်နှင့် စာအုပ်ဆိုင်အနက် စာအုပ်ဆိုင်ကို ကျွန်တော် ပိုသဘောကျသည်။ အကြောင်းက ကိုယ့်မှာပါသောငွေကြေးနှင့် တိုင်းတာကာ အနှစ်သက်ဆုံး စာအုပ်တချို့ကိုတော့ ဝယ်ယူနိုင်ခြင်းကြောင့်ဖြစ်သည်။ စာကြည့်တိုက်မှာမူ ကိုယ်က ခဏတစ်ဖြုတ်လာသည့် ဧည့်သည်ဖြစ်ရာ တစ်အုပ်တလေ ငှားရမ်းဖတ်ရှုဖို့ပင်မဖြစ်နိုင်။ မြောက်မြားလှစွာသော စာအုပ်စာတမ်းများကို ပြပွဲတစ်ခုကြည့်သလို တအံ့တဩဝေးမောကြည့်ရှုရင်း စိတ်ထဲမှာ အမြဲမသက်မသာခံစားရလေ့ရှိသည်။ မည်သို့ဆိုစေ တစ်လောက စင်ကာပူနိုင်ငံသို့ရောက်သည့်အခါ မှာလည်း စာအုပ်ဝါသနာပါသော လူငယ်လေးများနှင့်အတူ အမျိုးသား စာကြည့်တိုက်ကြီးသို့သွား၍ ကြည့်ရှု ဖြစ်ပြန်ပါသည်။ စာကြည့်တိုက်က အထပ်တွေများလှသည်။ တစ်ထပ်စီ မှာလည်း စာအုပ်တွေ အမြောက် အမြား၊ သည်စာအုပ်တွေကိ...

(02-05-2018) ဆရာကြီး ဦးမြကြိုင် ပညာဒါန သင်တန်းသားများ သင်ကြားသည့် အင်္ဂလိပ်စာ သင်တန်း တတိယနေ့

Image
**************************************************************************************************************** အလွဲလွဲအချော်ချော်ဖြင့် စတင်လိုက်တာ မတ်လ ၃ ရက်နေ့ဆိုလျှင် သင်တန်း သင်ကြားရက်သည် စတုတ္တနေ့ မြောက် ရှိခဲ့ပါပြီ။ လာရောက်သင်ကြားမည့် ဆရာမ သည် နှစ်ယောက်သွားမည် ဖြစ်သော်လည်း နားလည်မှု လွှဲမှားပြီး ကားလက်မှတ် တစ်စောင်ပဲ ဖြတ်ပေးခြင်း။ သင်ကြားဖွင့်လှစ်မည့်နေရာသည် အစမတိုင်ခင် တစ်နေရာ စီစဉ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယခုနေရာသို့ အစောတလျှင် စီစဉ်ရခြင်း။ စတင်စာရင်းသွင်းထားသည့် ကျောင်းသူ ကျောင်းသားအရေအတွက်သည် အယောက် (၈၀) စာမှန်းပြီး စာအုပ်စာတမ်းစီစဉ်ထားသော်လည်း တကယ် တန်းတွင် အယောက် (၁၄၀) ခန့် ဖြစ်သွားခြင်း၊။ လွှဲချော်မှုများမှ ဝမ်းသာစရာ သတင်းကောင်းသည် သာဝတ္ထိကျေးရွာ အနီးမှ ကျောင်းသား ကျောင်းသူ ဆယ်ယောက်ခန့် သည် ညအိပ် လာရောက်ပြီ ကွန်ပျူတာသင်တန်း၊အင်္ဂလိပ်စာသင်တန်း တက်ရောက်ကြသည်ကို သိရ၍ များစွာ ဝမ်းသာမိပါသည်။ တန်ဖိုးသိပြီး တန်ဖိုးထားတတ်ကြပါစေ။ (၄တန်း ၅ တန်း ၆ တန်း သင်တန်းသားများ သင်ကြားမှု ပုံရိပ်ဖြစ်ပါသည်) လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက် ...

အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်ခြင်း

Image
၂၀၁၈ ခုနှစ် ဧပြီလ ၂၉ နေ့ ် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သာဝတ္ထိရွာ စာသင်ကျောင်းအတွင်းတွင် အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကျင်းပခဲ့ပါသည်။ ထိုသင်တန်းကို လူငယ့်အားမာန်စာကြည့်တိုက် မှ တာဝန်ခံများ သာဝတ္ထိရွာ ပညာဒါနမှ ဆရာ ဆရာမများ ပူးပေါင်းဆောက်ရွက် လုပ်ဆောင်ကြပါသည်။ လာရောက် သင်ကြာပေးသော ဆရာမများမှာ ရန်ကုန်မြို့ အင်္ဂလိပ်စာ ပညာဒါန ဆရာကြီး ဦးမြကြိုင် တပည့် သားသမီးများ ဖြစ်ပါသည်။ အခမ်းအနားကို လက်ခုတ်တီး ဖွင့်လှစ်လိုက်ပါသည်။ အခမ်းအနားကို အထူးဧည့်သည်တော်အဖြစ် ကိုသန်းဆွေဦး တက်ရောက်ပြီး ညီငယ် ညီမငယ်များအား နှုတ်ခွန်းဆက် စကားပြောကြားပေးပါသည်။ ထိုမှ တဆင့် ဆရာဦးဝင်းကြိုင် ဆရာ ကြူကြူခိုင် ဆရာမ ဒေါ်စုမာခိုင် အသီးသီး နှုတ်ဆက်စကား သင်တန်း ချိန်များ ပြောကြားပြီး အခမ်းအနားကို လက်ခုပ်တီး ပိတ်သိမ်းပါသည်။ ထိုသင်တန်း ဖြစ်မြောက်ရန်အတွက် စင်ကာၤပူမှ အလှူရှင်အားလည်းကောင်း အစစ အရာရာ ကူညီပေးပါသော ဆရာလှိုင်ဝင်းလည်းကောင်း လူငယ့်အားမာန်မှ တာဝန်ခံများ လည်းကောင်း ဆရာ ဆရာမများအားလည်းကောင်း ကျေးဇူးတင်ထိုက်သူ အပေါင်းကျေးဇူးတင်ပါသည်။ မျိူးဆက်သစ်တွေကို ဂါရဝ ပြုလျှက်ပါ။ သတင်းနှင့် ပြန်ကြားရေး လူငယ့်အားမာန...

လူငယ်ဖွံ့ဖြိုးရေးစင်တာ foundation ကုန်ကျစရိတ်ရှင်းတမ်း

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေး စင်တာ Foundation ဆောက်လုပ်ခြင်း ကို မတ်လကုန်တွင် ပြီးစီးခဲ့ခြင်း ဖြစ်ပါသည်။ ထိုအဆောက်အဦးတွင် ကုန်ကျခဲ့ သော ငွေစာရင်း ရှင်းတမ်း ဖြစ်ပါသည် ။ ၂၀၁၈ ခုနှစ် ဧပြီ - ၁ရက်နေ့ ရှင်းတမ်း အရ စာကြည့်တိုက်ရန်ပုံငွေ ၂၅၃၅၇၀၀ ကျပ်ဖြစ်ပါသည်။ လေးစားစွာဖြင့် လူငယ့်အားမာန်စာကြည့်တိုက် သတင်း နှင့် ပြန်ကြားရေး

စာကြည့်တိုက်အဟောင်း နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ

မိတ်ဆွေတစ်ဦးမှ အကြုံပြု စကားကို ကြားရပြီး။ အားလုံးသော အလှူရှင်များလည်း ထပ်တူ ထိုမေးခွန်းကို သိချင် ကြလိမ့်မည်ဟု ထင်မိပါသည်။ စာကြည့်တိုက် ဟောင်း ရှိပြီး ဖြစ်ရယ်သား နှင့် အသစ်ဘာကြောင့် ဆောက်ချင်ရသလဲ? ဆိုသည့် မေးခွန်းပါ။ လက်ရှိစာကြည့်တိုက် ပြောင်းရွှေ့ သုံးစွဲခွင့် ရကြောင်း သိခြင်း ************************************************************* ယခင် ဦးအောင်လင်း+ဒေါ်ခင်စောလှ အိမ်တွင် ဖွင့်လှစ်သည်မှ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပါသည်။ လက်ရှိ အသုံးပြု နေသော စာကြည့်တိုက်သည် ယခင် အဖွဲ့အစည်းဟောင်းဖြစ်သော ဦးဖြူ ဦးနီ အစသဖြင့် ဦးဆောင်ပြီး မလေးရှားနိုင်ငံရောက် သာဝတ္ထိရွာသားများ နှင့် ဆရာတော် အလှူငွေ များဖြင့် ဆောက်လုပ်ထားသည်ဟု သိရှိ ယူဆမိပါသည်။ ဆရာတော် ဦးရာဇိန္န ခွင့်ပြု သည်ဟု တစ်ဆင့် စကားကြားရမှုနှင့် အတူ ကျွန်တော်တို့သည် အတိုင်းမသိ ဝမ်းသာမိပါသည်။ ဆရာတော် ကို ကျေးဇူးတင်သလို အရင် အဖွဲ့အစည်းဟောငိးကိုလည်း ကျေးဇူးတင်ပါသည်။ ဆရာတော် မိန့်ကြားသည့် စကား နှင့် အတူ တဆင့် စကားအရ ဆရာ ဦးစိုးဝင်းကျော် မှ တဆင့် သိခွင့်ရရှိခဲ့ပါသည်။ ထိုအချိန်မှ စ၍ ကျွန်တော်တို့ အသုံးမကျခဲ့သည် ရှိသော ်အကြောင်း အမျိုးမျိုးကြောင့် နာလည...